Wednesday, December 28, 2022
စိတ်ဒဏ်ရာ ရစေသော ပြစ်မှု
၂၆၊ ၁၂၊ ၂၀၂၂
မနက် ခြောက်နာရီခန့်ရှိပြီ။ ကလေးများအမေ နေမကောင်းသောကြောင် ကိုယ်တိုင် ထမင်းဟင်းများ ထချက်နေသည်မှာ တစ်နာရီလောက်ရှိပေပြီ။ လွိုင်ကော် ဆောင်းတွင်းလည်း အရမ်းကြီးမဟုတ်ရင်တောင် အေးတဲ့အထဲပါသည်။ ခဏနေတော့ သားလတ် ခွန်ဇေယျာမင်းက အိပ်ရာမှ ထကာ ဖုန်းထဲက ဆန်တာတွေနဲ့ဆော့နေ ရိုက်နေကြတာကို ကြည့်ပြီး ""ပါ့ပါ မနေ့က အိမ်ပြန်မယ်ပြောထားတယ်နော် အိမ်ပြန်မယ်""ဆိုပြီး အတင်းကျီကျလေသည်။ စိတ်ထဲ အလိုလိုနေရင့် ထင့်ခနဲဖြစ် လူကြီး မပြောရတဲ့ စကားကို ပြောတယ်ဆိုပြီး ဆူမိတော့ သူ့ခများ ငြိမ်ငြိမ်နေပြီး ဒေါသတကြီး ပြောနေသော အဖေ့ကို မျက်စိအဝိုင်းသားနဲ့ကြည့်နေတော့ သားကိုကြည့်ပြီး သနားမိသွားတယ်။ အေးလေ သူက ကလေးပေပဲ။ အရင်တုန်းလို ဆောင်းတွင်းဆို ပျော်ပျော် ဆော့ ပျော်ပျော် အိပ် နွေးနွေးထွေးထွေးနေခဲ့ရတဲ့အချိန်ကို လွမ်းရှာမှာပေါ့လေ။ ဆူမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမမိပါတယ်။ ဥစ္စာဆုံးရှုံး ဘဝအခြေနေမလှသည့်တိုင်အောင် ကလေးတွေကိုတော့ အတတ်နိုင်ဆုံး စိတ်ဒဏ်ရာတော့ မရစေချင်။ သူတို့လေးတွေ အခြားတိုင်းပြည်က ကလေးတွေလို ရဲရဲရင့်ရင့် ဖူးပွငးခိုင်းစေချင်သည်။ ကိုယ်တိုင်ခံစားရတဲ့ သည်တစ်ခေတ်လို ခေတ်ဆိုးမျိုးကိုလည်း မည်သည့်ကလေးများကိုမှ မကြုံစေချင်။ မမြင်စေရက်နိုင်ပါ။ ခုလိုဆူမိလို့ ကိုယ့်ကိုယ်ကို ပြစ်မှုကြီးတစ်ခုကျူးလွန်မိသလို ခံစားရလာမိသည်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ မိဘရင်ခွင်ကို အတတ်နိုင်ဆုံး နွေးထွေးအေးမြနေအောင်တော့ ပြုပြင်ထားပေးပါတယ်.။
Subscribe to:
Posts (Atom)
စိတ်ဒဏ်ရာ ရစေသော ပြစ်မှု
၂၆၊ ၁၂၊ ၂၀၂၂ မနက် ခြောက်နာရီခန့်ရှိပြီ။ ကလေးများအမေ နေမကောင်းသောကြောင် ကိုယ်တိုင် ထမင်းဟင်းများ ထချက်နေသည်မှာ တစ်နာရီလောက်ရှိပေပြီ။ လွိုင်ကေ...
-
မှတ်မိသလောက်ပေါ့နော်။ G610 မှာ firmware မှားရေးရင်လည်း touch အလုပ်မလုပ်ဘူး။ နောက်ပြီတော့ ရေဝင်တာတို့ ပြုတ်ကျတာတို့ဆိုရင်လည်း အလုပ်မလုပ်ဘူး။ ...
-
တစ်နေ့ ကောင်လေးနှစ်ယောက် ဆိုင်ရောက်လာတယ်။ အစ်ကို ကျနော့်ဖုန်း sd card မဖတ်လို့ ဘာဖြစ်လဲမသိဘူး။ ကဒ်က တခြားဖုန်းမှာ ထည့်ကြည့်တော့ အလုပ်လုပ်ပါတ...
-
၂၀၂၁ ဖေဖော်ဝါရီလကစလို့ပေါ့။ နိုင်ငံရေးနောက်မှာ ငါတို့ ဘ၀တွေ လိုက်မျှောပါကြတယ်။ အထူးအားဖြင့် ကျနော်တို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က လူတွေ...