Thursday, September 24, 2015

Leagool phone hard reset ဝင်ခြင်း

leagool phone hard reset (factory mode) ဝင်တာ နည်းမသိမရဘူးဗျာ။ ဆရာ့ ဆရာတွေတော့ သိပြီးသား ဖြစ်မှာပေါ့။ အခုမှ သိတဲ့ တို့လိုလူတွေအတွက် တင်ထားပါရစေ။ စမ်းသပ်မိသလောက် leagool ဖုန်းတွေကို factory mode ဝင်ချင်လျှင် power ခလုပ်ကို သုံးစက္ကန့်ခန့်အရင် ဖိထားပါ။ logo ပေါ်လာပြီးရင် vol - (or) + ကိုနှိပ်ပါ။ နှိပ်ပြီး power ခလုပ်ကို ဖွင့်ပိတ်မြန်မြန်(ဆတ်ကနဲဆတ်ကနဲ)လုပ်ပါ။ ဒါဆို လိုချင်သော factory mode သို့ ရောက်ရှိပါပြီ

Monday, September 7, 2015

c8815 firmware တင်ပြီးစ imei null error ဖြေရှင်းခြင်း

မနေ့က c8815 firmware တစ်လုံး လာတယ်။ အရင်အတွေ့အကြုံအရ ခပ်လန့်လန့်ပဲ။ ဘာလို့လဲဆိုတော့ imei ပျောက်ပျောက်သွားတာများတယ်လေ။ အဖြေလည်း အတိအကျမသိသေးတော့ လန့်တာပေါ့။ ဆရာ့ဆရာတွေတော့ အေးဆေးပါပဲ ကျနော်တို့လို လုပ်ရင်း သင်ရင်းလူတွေအတွက် မှတ်စုအနေနဲ့ပေါ့....
c8815 မှာ build no အမြင့်ရေးလို့ imei ပျောက်တာ ကြုံရဖန်များတော့ 128 နဲ့တင်ကြည့်တယ်။ သေချာတာပေါ့ imei ပျောက်သွားတယ်။ DFS နဲ့ပြန်ရေးတယ်။ imei မှားနေတယ်။ ထပ်တင်တယ်။ Dfsနဲ့ ထပ်ရေးတယ်။ မှန်သွားတယ်။ ဒါပေမယ့် invalid card ဖြစ်နေပြန်ရော။ နောက်ဆုံး build no 135နဲ့တင်တယ်။ vroot နဲ့ဖောက်တယ်။ DFS နဲ့ပြန်ရေးတယ်။ c8815 network unlock 3gနဲ့ bat run လိုက်တာ blue screen တက်ရော။ တွားပြန်ပီထင်တာ။ နောက်တကြိမ်ပြန်ရေး ပြန်လုပ်တော့မှ အဆင်ပြေသွားတယ်။

Tuesday, August 4, 2015

G730 C00 SD card error ဖြေရှင်းခြင်း

တစ်နေ့ ကောင်လေးနှစ်ယောက် ဆိုင်ရောက်လာတယ်။ အစ်ကို ကျနော့်ဖုန်း sd card မဖတ်လို့ ဘာဖြစ်လဲမသိဘူး။ ကဒ်က တခြားဖုန်းမှာ ထည့်ကြည့်တော့ အလုပ်လုပ်ပါတယ် ဆိုတော့ ကျနော်လည်း စမ်းတာပေါ့။ ကဒ်က အကောင်းကြီး ဒါနဲ့ သူ့ဖုန်းထဲ ထည့်ကြည့်တော့ prepairing sd card ပြီးတော့ checking error တဲ့။ ကဒ်တော့သိတယ်။ မဖတ်ဘူး။ ဒါနဲ့ huawei firmware flash tool နဲ့ firmware တင်လိုက်တာ ၅၀ ပါစန့် လောက်မှာ ရပ်ပီး firmware ကျသွားတယ်။ တိုင်ပတ်တာပေါ့ သုံးရက်လောက်။ နောက်တစ်နေ့ မထူးဘူးဆိုပီး ကဒ်အထိုင်လဲမလို့ စစ်ကြည့်လိုက်တော့ လမ်းကြောင်းက ပျောက်နေတာ တစ်ချို့ဟာပေါ့။ ဒါနဲ့ တစ်ခြား ဆားကစ်အဟောင်းတစ်ချပ်ယူပီး ကဒ်အထိုင်ဘေးက အိုင်စီကို ဖြုတ်လဲလိုက်တယ်။ မရသေးဘူး။ နောက်တစ်ခေါက် သေချာအောင် လဲပီးသား အိုင်စီကို ဆီကြွေး အပူပေးတုုန်လိုက်တယ်။ အိုကေသွားတယ်။ ဒါနဲ့ firmware ပြန်တင်လိုက်တယ်။ အိုကေသွားတယ်။

Saturday, July 25, 2015

Y330 Lcd error ဖြေရှင်းခြင်း

Huawei Y330မှာ Y300 နဲ့ညီအစ်ကိုလားတော့မသိဘူး volt မရောက်တဲ့အပြစ်မျိုး နှစ်လုံးလောက် ရှာတွေ့ထားတယ်ဗျာ။ သူက အထိုင်ငုတ်မှာ volt မရောက်တာပါ။ အဲဒါကို volt ထွက်တဲ့ component တစ်ခုခုကနေ ရှာဆက်ပေးမလို့စဉ်းစားလိုက်တယ်။ ဒါလည်း အဆင်မပြေလောက်ဘူးထင်လို့ မထူးပါဘူးဆိုပီး pm ic သို့ ပါ၀ါ အိုင်စီကို အပူပေး လှုပ်ပေးလိုက်တော့ အိုကေသွားတယ်။ နောက်တစ်လုံးဗျာ အဲလိုလုပ်လည်း မရတာနဲ့ PM ic (pw ic) ကို ဖြုတ်ပြီး ခဲလောင်းလိုက်တာ ပြန်အိုကေသွားတယ်။ သည့်ထက်လွယ်တဲ့နည်းလည်း ရှိချင်ရှိဦးမှာပါ ဆက်လက် အတူ ရှာဖွေကြတာပေါ့။

Thursday, July 23, 2015

G610 ts error ဖြေရှင်းခြင်း

မှတ်မိသလောက်ပေါ့နော်။ G610 မှာ firmware မှားရေးရင်လည်း touch အလုပ်မလုပ်ဘူး။ နောက်ပြီတော့ ရေဝင်တာတို့ ပြုတ်ကျတာတို့ဆိုရင်လည်း အလုပ်မလုပ်ဘူး။ ဆိုတော့ကာ စဉ်းစားကြည့်ရမှာက သူ့ကို flash firmware အစုံပြန်ရေးကြည့်ပါ။ မရရင်တော့ ဖြုတ်ပီး သူ့ငုတ်တွေမှာ volt အကုန်ရောက်မရောက်ပဲတစ်ချက်စစ်ကြည့်ပါ။ တကယ်လို့များ မရောက်ခဲ့ရင်တော့ သူ့လမ်းကြောင်းကိုလိုက်ကြည့်ပါ။ တစ်ချို့ဆိုရင် pw ic (pm ic) ကို အပူပေးကြည့် လှုပ်ကြည့်တာနဲ့ ပြန်ကောင်းသွားတတ်တယ်။ တစ်ချို့ကတော့ volt ရောက်ပြီး အလုပ်မလုပ်ရင်တော့ touch ic လဲပေးလိုက်ရင်ကောင်းတတ်ပါတယ်။

ဖုန်းတွေမှာဖြစ်တတ်တဲ့ safe mode error ဖြေရှင်းနည်း

G610 safe mode error ဖြေရှင်းနည်းကို ဆရာတွေပိုစ့်မှာ ဖတ်လိုက်မိတော့ ရောက်လာတဲ့ error အတိုင်း အစဉ်လိုက်စမ်းသပ်ကြည့်တယ်။ ပါ၀ါဖွင့်ပီး logo အတက်မှာ vol - ကိုုနှိပ်ထားတယ်။ ဒါလည်း မပျောက်ပါဘူး။ နောက်တစ်နည်းက vol - လမ်းကြောင်းပေါ်ရှိ မူမမှန်သော component ပေါင်းစုံကို စမ်းတိုင်းကြည့်တယ်။ ဒါလည်း အကုန် အိုကေနေတယ်။ တစ်ချို့ဆရာကတော့ cpu ဖြုတ်လဲဖို့ လမ်းညွန်ထားတာတွေ့တယ်။ ဒါလည်း မဖြစ်ပြန်ဘူး။ (အဟီး မလဲရဲလို့) ဒါနဲ့ ဆော့ဝဲလ်ဆရာကိုမေးကြည့်တော့ သူက usb ခေါင်းပါ လဲပေးကြည့် ဆိုတော့ လဲတာပေါ့။ ကံကောင်းစွာပဲ good သွားတယ်။ ပြောချင်တာက ဆရာတွေတင်တဲ့နည်းအတိုင်းလည်းလုပ်ပါ ဒီတစ်နည်းလည်း စဉ်းစားကြည့်ပါ။ လုပ်ကြည့်ပါ ရရင် အမြတ်ပေါ့။

G730 blue screen

မိုးအေးအေးလေးနဲ့ နှပ်ကောင်းကောင်းနဲ့ သူငယ်ချင်းတစ်ကောင် ရောက်လာတယ်။ လုပ်ပါဦးကွာ ငါ့ဖုန်းမှ screen ပြာပဲပြာနေတာ။ နောက်ပီး ဘက်ထရီထည့်ရင် တစ်ခါတည်း ပါ၀ါတက်တက်လာတယ်ကွ... ဆိုတော့ အင်း အင်တာနက်ပေါ်က အကွက်တော့ တွေ့ပြီ ဆိုတော့ စမ်းတာပေါ့။ ပါ၀ါ ic လဲလိုက်တယ်။ အိုကေသွားတယ်။ ပြာနေတုန်းပဲ။ ဒါနဲ့ cpu ဘေးက component တစ်ခုကို ic ဘေးက 1.2v ထွက်တဲ့လမ်းကြောင်းနဲ့ ဆရာတွေပြောတဲ့အတိုင်း dioat မခံပဲ ဟိုဘက်ငုတ်ကနေ ကျော်ပေးလိုက်တာ။ အိုကေသွားတယ်။ ပြန်တော့မလာသေးးဘူးပဲ။...............................



                                             မူရင်း blue screen error solution ပိုင်ရှင်အား cradit ပေးပါသည်။

Saturday, June 13, 2015

y60 c1 ic လဲခြင်း

ဒီလို အနေအထားမှာ pmu လဲလိုက်တော့ အိုကေသွားတာပေါ့

စိတ်ဒဏ်ရာ ရစေသော ပြစ်မှု

၂၆၊ ၁၂၊ ၂၀၂၂ မနက် ခြောက်နာရီခန့်ရှိပြီ။ ကလေးများအမေ နေမကောင်းသောကြောင် ကိုယ်တိုင် ထမင်းဟင်းများ ထချက်နေသည်မှာ တစ်နာရီလောက်ရှိပေပြီ။ လွိုင်ကေ...