OUTDO Mobile Phone Services and Sale
ဆရာမဟုတ် မတော်ပါ မတတ်ပါ သိသမျှ မျှဝေခြင်းမျှသာ
Wednesday, December 28, 2022
စိတ်ဒဏ်ရာ ရစေသော ပြစ်မှု
၂၆၊ ၁၂၊ ၂၀၂၂
မနက် ခြောက်နာရီခန့်ရှိပြီ။ ကလေးများအမေ နေမကောင်းသောကြောင် ကိုယ်တိုင် ထမင်းဟင်းများ ထချက်နေသည်မှာ တစ်နာရီလောက်ရှိပေပြီ။ လွိုင်ကော် ဆောင်းတွင်းလည်း အရမ်းကြီးမဟုတ်ရင်တောင် အေးတဲ့အထဲပါသည်။ ခဏနေတော့ သားလတ် ခွန်ဇေယျာမင်းက အိပ်ရာမှ ထကာ ဖုန်းထဲက ဆန်တာတွေနဲ့ဆော့နေ ရိုက်နေကြတာကို ကြည့်ပြီး ""ပါ့ပါ မနေ့က အိမ်ပြန်မယ်ပြောထားတယ်နော် အိမ်ပြန်မယ်""ဆိုပြီး အတင်းကျီကျလေသည်။ စိတ်ထဲ အလိုလိုနေရင့် ထင့်ခနဲဖြစ် လူကြီး မပြောရတဲ့ စကားကို ပြောတယ်ဆိုပြီး ဆူမိတော့ သူ့ခများ ငြိမ်ငြိမ်နေပြီး ဒေါသတကြီး ပြောနေသော အဖေ့ကို မျက်စိအဝိုင်းသားနဲ့ကြည့်နေတော့ သားကိုကြည့်ပြီး သနားမိသွားတယ်။ အေးလေ သူက ကလေးပေပဲ။ အရင်တုန်းလို ဆောင်းတွင်းဆို ပျော်ပျော် ဆော့ ပျော်ပျော် အိပ် နွေးနွေးထွေးထွေးနေခဲ့ရတဲ့အချိန်ကို လွမ်းရှာမှာပေါ့လေ။ ဆူမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမမိပါတယ်။ ဥစ္စာဆုံးရှုံး ဘဝအခြေနေမလှသည့်တိုင်အောင် ကလေးတွေကိုတော့ အတတ်နိုင်ဆုံး စိတ်ဒဏ်ရာတော့ မရစေချင်။ သူတို့လေးတွေ အခြားတိုင်းပြည်က ကလေးတွေလို ရဲရဲရင့်ရင့် ဖူးပွငးခိုင်းစေချင်သည်။ ကိုယ်တိုင်ခံစားရတဲ့ သည်တစ်ခေတ်လို ခေတ်ဆိုးမျိုးကိုလည်း မည်သည့်ကလေးများကိုမှ မကြုံစေချင်။ မမြင်စေရက်နိုင်ပါ။ ခုလိုဆူမိလို့ ကိုယ့်ကိုယ်ကို ပြစ်မှုကြီးတစ်ခုကျူးလွန်မိသလို ခံစားရလာမိသည်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ မိဘရင်ခွင်ကို အတတ်နိုင်ဆုံး နွေးထွေးအေးမြနေအောင်တော့ ပြုပြင်ထားပေးပါတယ်.။
Sunday, November 14, 2021
လမ်းတွေ ပျောက်နေတာလား
၂၀၂၁ ဖေဖော်ဝါရီလကစလို့ပေါ့။ နိုင်ငံရေးနောက်မှာ ငါတို့ ဘ၀တွေ လိုက်မျှောပါကြတယ်။ အထူးအားဖြင့် ကျနော်တို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က လူတွေပေ့ါဗျာ။ ကျနော်လား - OUTDO MOBILE SALE AND SERVIVES ခပ်သေးသေးလေး ဖွင့်ထားတယ်။ ဆန္ဒပြလို့ ဖြိုခွဲခံရပြီး နောက်ပိုင်း အခြေနေတွေ တင်းမာနေတာက စတာပေါ့ဗျာ။ လမ်းတွေပိတ်ထားတာ ကျနော့်ဆိုင်ကလေး မြောက်ဖက်က လမ်းလည်းပါတာကိုး။ ရပ်ကွက်လမ်းပေါ့ဗျာ။ ဆိုင်ရှေ့မျက်နှာစာလမ်းမကြီးတော့ မပိတ်ပါဘူး။ အဲ့မှာက စွမ်းအားရှင်တွေက ဘက်ဟိုးတို့ ဒိုဇာတို့နဲ့ လာထိုးခွဲသွားတာပေါ့။ ကိုယ်လည်း ဆိုင်ထဲမှာ ကြောက်ကြောက်နဲ့ ထိုင်နေကြတယ်။ နောက်တစ်ရက်နှစ်ရက်လောက်နေတော့ ဆိုင်ဖွင့်သေးတယ်။ ဒိတ်တွေတော့ မမှတ်မိတော့ပါဘူး။ ဒီးမော့ဆို လမ်းခွဘက်ရောက်လာတဲ့ စွမ်းအားရှင်တွေကို လမ်းခွ ဒေသခံတွေက ခပ်တင်းတင်း တုန့်ပြန်ခဲ့ကြတယ်။ အဲ . . . အဲ့ဒီအချိန်မှာ မွေးသမိခင်နဲ့ အစ်ကို တူမလေးတွေ ရောက်နေချိန်ပေါ့။ ပစ်လည်း ပစ်နေကြကုန်ပြီ။ ဒါပေမယ့် ခဏလေးနဲ့ ငြိမ်သွားမယ် ထင်တာပေါ့ဗျာ။ ဆိုင်က ဖုန်းအသစ်လေးတွေမှာထားတာ အဲဒါတွေနဲ့ လက်ကျန် ဖုန်းတွေ အလုံး ၆၀ ကျော်လောက် အိမ်ကို သယ်ပြန်သွားပါတယ်။ ဆိုင်မှာ second and refure ဖုန်း ကွန်ပျူတာ power banks နဲ့ အခြား ဖုန်း အပိုပစ္စည်းတွေတော့ ကျန်ခဲ့တာပေါ့ဗျာ။ နောက်နေ့ မနက် စစ်ဖြစ်မယ်ပြောတော့ အမေ့ကို ရှမ်းပြည်ပြန်ပို့ဖို့ စိုင်းပြင်းနေတာပေါ့။ မိုးလင်းတာနဲ့ ဦးဇင်း(ကဒါလား ဘုန်းကြီး)ကို ပင့်ပြီး သုတ်ခြေတင် မောင်းတက်သွားတယ်။ (ရေးရင်းနဲ့ ခဏလေး အလုံးဆို့နေလို့ နားလိုက်ဦးမယ်။)
မှတ်မှတ်ရရပါပဲ ကုန်းပေါ နမ့်ဖာမူရောက်တော့ နောက်မှာ ပစ်နေကြပြီဆိုပြီး မိန်းမက ဖုန်းဆက်လာတယ်။ အမေတို့လည်း ပြန်လာတာမြန်လို့ ကံကောင်းတယ်ပေါ့။ မဟုတ်ရင် တိုက်ပွဲကြားညှပ်နေတော့မှာကိုး။ ရွာရောက်တော့ အမေတို့ကို အိမ်ပို့ပြီး ခဏလေးသာ ထမင်းစား နားရတယ်။ ပြီးတော့ ပြန်မောင်းဆင်းလာခဲ့တယ်။ မိုးဗြဲ နမ့်မယ်ခုံလမ်းအဆင်မပြေဘူးထင်လို့ လွိုက်ကော်ဘက်ကနေပဲ ဒီးမော့ဆိုကို ပြန်ကြမယ်ပေါ့။ အဲ့လိုအကြံနဲ့ လွိုင်ကော်ဘက် မောင်းဆင်းလာတယ်။ လွိုင်ကော်ရောက်တော့ ညောင်ကုန်းမှာ တိုက်ပွဲဖြစ်နေတယ်ပြောတယ်။ ပထမဆုံး ညောင်ကုန်းတိုက်ပွဲပေါ့။ အသံတွေကလည်း အဝေးကနေ သဲ့သဲ့ ကြားနေရတယ်။ ဒါနဲ့ လွိုင်ကော် သူငယ်ချင်းအိမ်မှာ ဦးဇင်းနဲ့ ဝင်နားရင်း သတင်းစကား နားစွင့်နေတာ ညနေစောင်း သုံးနာရီလောက်ထိုးတော့ မဖြစ်ချေတော့ဘူး အခြေနေလည်းသိရအောင် ပြန်ကြည့်ကြမယ်ဆိုပြီး ထွက်ပြန်လာခဲ့ကြလိုက်တယ်။ ဒေါပိုးစီဂိတ်ရောက်တော့ ရဲနဲ့ စစ်သားက ဘုန်းကြီးပါတော့ မသွားခိုင်းဘူး။ သွားတဲ့လူတွေလည်း ပြန်လှည့်လာရကြောင်းတော့ ပြောပါတယ်။ ဘယ်လိုလဲ ဦးဇင်းကို မေးကြည့်တော့ သွားကြည့်မယ်ကွာ မရလည်း အခြားလမ်းရှာတာပေါ့ဆိုတော့ လစ်တာပေါ့။ ဟုတ်ပါ့ဗျာ ခြောက်မိုင်ကျော်ပြီး ပက်တလင် ဒေါခလိုက်လင်း နားရောက်တော့ ရှေ့မှာ ဗမာစစ်သားတွေ ပုဆစ်ဒူးတုတ် ထိုင်ချောင်းနေတာ အသံလည်း ဝေးဝေးတစ်ချက် ကြားရဲ့။ သူတို့ထိုင်ချောင်းနေကြတာ ဒေါတငူးလမ်းခွဲမှာပေါ့။ သေချာပေါက် ဆက်သွားလို့မရတော့ပါ။ ညောင်ကုန်းကို မည်သည့်ယာဉ်မှ ပေးမဖြတ်တော့။ မှတ်မှတ်ရရ ဒေါခလိုက်လင်း ရွာထဲ အိမ်တစ်အိမ်အတွင်းမှာလည်း ကိုယ်လို သွားရင်း ခံနေတဲ့လူတွေ ရှိတယ်။ သူတို့က ဖေးဖေးမမပါပဲ ဆက်မသွားနဲ့ အန္တရယ်ရှိတယ်။ ငါတို့တောင် ဒီမှာရောက်နေတာ ကြာပြီ စသည်ပေါ့။ ခနနားတော့ သေနတ်သံ နည်းနည်း ကျဲသွားတယ်။ ဟို လမ်းခွဲဘက် ကြည့်လိုက်တော့လည်း ညောင်ကုန်းဘက်ကို စစ်သားတွေ ရောက်ကုန်ပြီ။ အချိနလည်း သိပ်မရှိတော့တာနဲ့ ဦးဇင်းကိုခေါ်ပြီး အခြားလမ်းကို ပြန်ဖို့ စဉ်းစားရတော့တာပေါ့။ အော်.... အိမ်မှာ ကလေးငယ်တစ်ယောက် မိန်းမကျန်ခဲ့တော့ စိတ်ပူရတာပေါ့။ သားကြီးကတော့ လွိုင်ကော်မှာပဲရှိနေလို့ တစ်ပူအေးရတာ။ မိန်းမကလည်း ဖုန်းဆက်တော့ ငိုကြီးချက်မနဲ့ ငါတို့ပြန်ရောက်ဖို့ပဲ မျှော်လင့်နေတာ။ ဦးဇင်းလည်း ကျောင်းမှာ ကိုယ်ရင်ငယ်နဲ့ ဦးဇင်းလေးတစ်ပါး ကျန်ခဲ့လို့ စိတ်ပူနေတာ။ ကိုင်း မဖြစ်မနေပြန်ကြရတော့မယ်။ ဒါနဲ့ပဲ ဒေါတငူဖက် မောင်းကြည့်မယ်ကွာဆိုပြီး လမ်းမှာ ရှိတဲ့အတား အဆီးတွေကို ကိုယ်တိုင် ဆင်းဖယ် ရှောင်မောင်းရင်း ဒေါတငူးရွာအဝင်လမ်း ရောက်လာခဲ့ပါတော့တယ်။ ရွာလုံခြုံရေးအရ ပေးမဝင်ဘူးဆိုပြီး တစ်ခံနေပြန်ရော သဘောကောင်းတဲ့ တိုင်းရင်းသားတွေမို့ အကျိုးအကြောင်းပြောပြတော့ ရွာကို ပတ်ဝင်တဲ့လမ်း လယ်ကြားလမ်းကလေးကို ပြပေးရှာတယ်။ ဟုတ်တယ် ဖွင့်ပေးဖို့မှမဖြစ်နိုင်တာ။ ဘာလို့လဲဆိုတော့ သူတို့ပိတ်ထားတဲ့ လမ်းမပေါ်က အတုံးကြီးက အကိတ်ကြီး။ လူဆယ်ယောက်လောက် မ တောင် မရွှေ့လောက်တဲ့အတုံးနဲ့။ ပတ်ရှောင်ရင်း ရွာထဲကို ခက်ခက်ခဲခဲ ရောက်လာတော့ ဟိုးဘက် ကန်ခုနှစ်ဆင့်ဘက် ပတ်လမ်းကို သွားကြတာပေါ့။ ဖဲလျားမရောက်ခင် ကားဆီက ကုန်တော့မယ်။ ဆိုင်ကလည်း မရှိ။ လူတွေက ကျီးကန်းတောင်းမှောက် ပျာယာခတ်နေကြတာပဲ။ ကိုယ်တွေလည်း ပျာယာခတ်။ ဒီးမော့ဆိုမြို့ကလူတွေလည်း အချို့ အဲဖက်ကို ရောက်ကုန်ပြီ။ အထုပ်အပိုးတွေနဲ့။ အချို့ရွာမှာ လုံခြုံရေးတွေတော့ တွေ့တယ်။ လက်နက်နဲ့ပေါ့။ အဆင်ပြေအောင်ပြောပြပြီး ဆီဆိုင်ငယ်လေးတစ်ဆိုင်ကို တွေ့ပါတယ်။ ဆီအနည်းငယ်ထဲ့ပြီး။ ပါဒေါဒူလမ်းဘက်ကို အပိတ်အဆီးတွေကြား ခက်ခက်ခဲခဲ ပြန်လာခဲ့ကြပါတယ်။ ခြေတော်ရာဘက်ပတ်တက်ပြီး ခြေတော်ရာ ဘုန်းကြီးကျောင်းဝင်လာတော့ မြို့ထဲမနေရဲလို့ ကျောင်းလာနေတဲ့ လူတွေ အောတိုက်တွေ့ရတယ်။ သူတို့တော့ အေးချမ်းပါတယ်။ အချို့ တော်လှန်သူတွေကတော့ စုဝေးပြီး ဟိုစုစု ဒီစုစု တွေ့ရတာပဲ။ အာ့နဲ့ တိုတိုပြောရင် ရွာပြန်ရောက်တယ် ဆိုပါတော့။ အော် ရွာလေးက ဒီးမော့ဆိုအကျော်နားက ငွေတောင်ရွာသစ်။ (အခု အမြဲတမ်းလိုလို တိုက်ပွဲဖြစ်နေတဲ့ သဲတောင် ထူလွီးဘီလာနဲ့ ကပ်လျက်ပါ။) ရွာရောက်တော့ တိတ်ဆိတ်လို့ လူသူကင်းမဲ့နေတယ်။ ဖုန်းဆက်ကြည့်တော့မှာ ဘုန်းကြီးကျောင်းမှာ ရွှေ့နေကြတယ်တဲ့။ မိန်းမကို ဖုန်းဆက်ကြည့်တော့ သူလည်း ဘုန်းကြီးကျောင်းနားက သူ့မောင်လေးအိမ်မှာ။ ဘာသံမှ မထွက်ရဲကြ။ အကျိုးအကြောင်းမေးတော့ ဒီည ရွာမှာ အိပ်လို့မဖြစ်လောက်ဘူး။ ရွာစွန်မှာ အိပ်ကြရမယ်။ စစ်တပ် ရဲ လာရင် အကုန်အဆွဲခံရတတ်တယ်။ ရွာဘုန်းကြီးကလည်း သူ့ဇာတိရွာကို ပြန်သွားတော့ ဘယ်သူက ဦးဆောင် ဖြေရှင်းပေးရဲမလဲ။
မှတ်မှတ်ရရပါပဲဗျာ။ အဲသည်ညနေက ယောက်ဖအိမ်မှာ ထမင်း မုံညင်းဟင်းရည် ရောနယ် ၁၅၀ကျပ်တန် ငါးပိထုတ်နဲ့ ထမင်းစားရတာ ဆာလို့အတင်းမြိုတာ ဝင်တာပါပဲ။ ည ၇ နာရီလောက်ရောက်တော့ ဟိုးဘက် ရွာအစွန်ဘက်အိမ်မှာ စုအိပ်ကြမယ်။ အသံတွေ တတ်နိုင်ရင် မထွက်ကြဖို့ပါ ပြောဆို ကတိကဝတ်ထားကြရင်းပေါ့။ အိပ်ရင်း သူငယ်ချင်းဖုန်းဝင်လာတော့ ဝိုင်းပြီး ရှူးတိုးတိုး လုပ်ကြရသေး။ မနက်လင်းတော့ ဒီးမော့ဆိုဖက်က အသံသေးတွေထွက်နေပြီ အသိတွေဆီဖုန်းဆက်တော့ ရှောင်ကြပါဆိုတာနဲ့ ရှောင်ဖို့ သဘောတူလိုက်ကြတယ်။(အမှန်က အဲဒီအချိန် စကားနားယောင်ကြတာ။ ပစ္စည်းတွေ သိမ်းချင်တာတောင် မသိမ်းသွားရဲလောက်အောင် ကြောက်နေတာ။ မနက်စောစော ထွက်ဆိုတော့လေ) မနက်ရောက်တော့ လိုအပ်မယ့် ပစ္စည်းလေးတွေသည် ကားပေါ်ပစ်တင်ပြီး လစ်ကြတယ်။ ဆိုင်ကနေ သိမ်းပြန်လာတဲ့ ဖုန်း အလုံးခြောက်ဆယ်ကျော် ဖာသေး နှစ်ဖာလောက်ကတော့ ကုတင်အောက်မှာ ထိုးထဲ့ခဲ့တယ်။ တောင်ဖက်အိမ်က မယားညီကို တစ်ယောက်တော့ အိမ်စောင်မယ်ဆိုတော့လည်း စိတ်ချလက်ချပါပဲ။
ကျော်ရေးခြင်း နှင့် ဒုတိယအကြိမ်စစ်ရှောင်ခြင်း
ကိုဗစ်ရန်ကို တွန်းလှန်ရင်း ငွေတောင်ရွာသစ်ရွာမှာနေနေလို့ အဆင်မပြေ့တပြေလေးမှာပဲ ရွာမြောက်ဘက်က စစ်မြူသံတွေ သတိပေးသံတွေ ကြားရတော့ ရွာထဲကလူတွေ အခြားရွာကို ရွေ့ပြောင်းဖို့ လုပ်ကြတယ်။ အချို့လည်း ဘုန်းကြီးကျောင်းကို သွားအိပ်ကြတယ်။ မဖြစ်မနေ ရှောင်ရတော့မယ်မှန်း သိတော့ အရင်တစ်ခေါက်လို မပေါ့ဝံ့တော့ပဲ နောက်နေ့နံနက်မှာ မြေဩဇာအိတ်တွေ ဆေးဖာတွေကို စုတင်ရင်း သားအကြီးတစ်ယောက်ကိုခေါ် အငယ်တစ်ယောက်ကို ပွေ့ ဗိုက်ထဲက ကလေးကို အမေကလွယ်ရင်း ဒုတိယအကြိမ်မြောက် ရှောင်ရပြန်ပါတယ်။ ဘယ်ကိုလဲဆိုတော့ ပန်ကန်းရပ်ကွက်က အိမ်လေးကိုပါ။ ဆေးဖာတွေ မြေဆီတွေကိုတော့ မိန်းမရဲ့ အစ်မအိမ်ကို ပို့ထားခဲ့လိုက်ကြတယ်။ အဲ့ရွာမှာ ပစ္စည်းချ နေ့လည်စာထမင်းစားရင်း စကားစမြည်းပြောတော့ မသေချာမရေရာမှုတွေ အသခေင်္ံျယျအနေနဲ့ ပြောဖြစ်ခဲ့ကြတယ်။ ညနေစောင်းတော့ ပန်ကန်းကိုကို လယ်တောလမ်းကနေ တက်လာပြီး သန့်ရှင်းရေးလုပ်ရင်း ညနေကို ကုန်ဆုံးစေလိုက်တယ်။ တစ်ပတ်လောက်နေတော့ မန်းလေးက အစ်မကြီးပို့လာတဲ့ စားစရာတွေနဲ့ နှပ်နေကြတာ အဆင်ပြေပြေပါပဲ။ ဒါက ဒုတိယ အကြိမ်
တတိယအကြမ်
တစ်ညနေလောက်ပေါ့ မိုင်းလုံး ရွာတန်းရှည်ဖက်ကနေ စစ်ကြောင်းထိုးလာတယ်ကြားတော့ ရွာသားတွေလည်း ပေါ်တာဆွဲတယ် လူသားဒိုင်းလုပ်တယ် ဆိုပြီး ပြေးကြတာ လယ်တော့တောက်လျောက်ပဲ။ အပေါ်အိမ်က သူငယ်ချင်းလည်း ပြေးတာတန်းနေတာပဲ တားလို့တောင် မရလိုက်ဘူး။ အဲ့ချိန်မှာပဲ မိုးဖွဲဖွဲလေးကျလာတော့ ကလေးကို အဆင်းသိပ် အိပ်ခဲ့ကြတယ်။ တအောင့်လောက်နေတော့ ဒေါပိုးစီနဲ့ ပန်ကန်းကြား ထိပ်တိုက်တွေ့ပြန်တော့ သူတို့အဝေးက ကနေကြပြန်တယ်။ အသံလည်း အိမ်နဲ့တော်တော် နီး။ နောက်နေ့မနက်တော့ ရွာထဲကလူတွေ အကုန် ရှောင်ပြန်ပြီ။ တို့ပဲ ကျန်တယ်။ သူငယ်ချင်းနဲ့ တိုင်ပင်တော့ တို့လည်း ရှောင်ကြရအောင်ဆိုပြီး ရွှေကျောင်း ဆရာတော်ကို ဖုန်းဆက်တော့ ဆရာတော်က ကိုဗစ်အန္တရယ်တစ်ဖက် ဒကာတစ်ဖက် တွေးရင်း လူအနည်းငယ်ကို လက်ခံပေးတော်မူခဲ့တယ်။ (လက်ခံပေးတော်မမူရင်လည်း သောင်ပြင်လွှတ် ဠင်းတလို ဖြစ်နေပြီပေါ့) အဲ့မှာ တစ်ညအိပ်တော့ အပေါ်အိမ်က သူငယ်ချင်း သူ့အိမ်ကိုပဲ သူပြန်သွားတော့တယ်။ တို့တော့ ဘုန်းကြီးကျောင်းမှာ သောင်တင်ပေါ့။ ဒါက တတိယအကြိမ်။
စတုတ္ထအကြိမ်
ဒီလိုနဲ့ ဘုန်းကြီးကျောင်းမှာလည်း ဘုန်းကြီးရင်းနှီးရာ မိသားစု သုံးစုနဲ့ အတူတူ နေဖြစ်ကြတယ်။ ၂၀၂၁နှစ် ကုန်ပြီး ၂၀၂၂ ပထမလ ပထမပတ်မှာတော့ လွိုင်ကော်မြို့လေးမှာ နှစ်ဖက်သား သေနတ်ထမ်းအက ဟိုတစ်စ ဒီတစ်စ ကကြပြန်ရော။ အစတော့ မိုင်းလုံးရပ်ကွက် ဟိုနား ဒီနားပေါ့...။ နောက်တော့ မှတ်မှတ်ရရ ၆.၁.၂၀၂၂ လောက်မှာ အသံတွေက နေမရအောင် ဖြစ်နေပြီ။ ရပ်ကွက်က လူအချို့လည်း ကျည်သင့်လို့ ဆုံးကြတယ်။ သူငယ်ချင်းအိမ်မှာ အရက်စုသောက်ရင်း တစ်ညနေတော့ နေမရတော့ဘူးဟေ့ ပြောင်းကြဆိုတော့ အမျိုးတွေရှိတဲ့ မင်္ဂလာ စျေးပိုင်း ရှမ်းပိုင်း ဒေါတမ ဒေါနိုးကူး နမ့်ကွတ် ချိကယ် စတဲ့ တိုက်ပွဲမရောက်တဲ့နေရာတွေကို ရှောင်နေကြရတယ်။ အချို့ကတော့ ကျနော်တို့နေတဲ့ ဘုန်းကြီးကျောင်းကိုပေါ့။ ဟိုလှူဒီလှူအလှူရှင်အပေါင်းနဲ့ ဘုန်းကြီးက ဒုက္ခသည်များကို တစ်နေ့ သုံးကြိမ် ချက်ကျွေးထားတယ်။ ဇန်န၀ရီ ၇ ရက်နေ့ရောက်တော့ တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ လေယာဉ်တွေနဲ့ ဗုံးလာကျဲရော။ ဒီလိုပဲ ကျောင်းမှာ စုစု နေနေကြသေးတယ်။ နောက်တစ်နေ့ မနက်ရောက်တော့ ဘုန်းကြီးက ခေါ်ပြောတယ်။ မိန်းမက ကိုယ်ဝန်နဲ့မို့ မွေးဖို့အခက်အခဲရှိနိုင်တယ်။ အခြားကို ရှောင်ရင်လည်း ရှောင်ပါဆိုလို့ လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကို သယ်ရင်း မွေးမြေဆီကို ပြန်လိုက်ရတယ်။
ရွာရောက်ပြီး စုံစမ်းကြည့်တော့ ခွဲမွေးဖို့ အခက်အခဲ ရှိနေပြန်တော့ အခြားနေရာကို အသည်းအသန် စုံစမ်းရပြန်တာပေါ့။ နောက်တော့ နဂို OG ညွှန်းတဲ့အတိုင်း တောင်ကြီးမွေးဖို့ ဆုံးဖြတ်လိုက်ကြရတာ။
ကျော်ရေးခြင်း
၅.၂.၂၀၂၂ ကနေ လွိုင်ကော်မှာ အတင်းဆိုင်ပြန်ဖွင့်ပြီး တစ်လလောက်နေတော့ မှတ်မှတ်ရရ ဖေဖော်၀ရီ ၂၈ လကုန်ရက်မှာ တံခါးရွက်လုပ်တဲ့ သူငယ်ချင်းအိမ်ကို အလည်သွားရင်းကနေ အမေ့အိမ်မီးဖိုဆောင်အတွက် တံခါးမှာပေးချင်စိတ်ပေါ်တာနဲ့ မေးကြည့်တော့ ရှစ်သောင်းတစ်ထောင်တဲ့ အဲဒါနဲ့ ဝယ်ပေးဖို့ အစ်မငယ်ကို ဖုန်းဆက်ပြောတော့ နောက်နှစ်မှ လုပ်မယ်ဆိုပြီး ပြောဖြစ်ကြတယ်။ အိမ်က အခင်းထဲရေသွင်းဖို့ ဒီဇယ်ဖိုးတွေ အရမ်းကုန်ကျများတော့ အိမ်အတွက် ငွေပိုမထွက်ရအောင် ဘယ်နည်း လုပ်ရင်ကောင်းမလဲလို့ တွေးတော့ အိမ်မှာ ဖြစ်နိုင်သမျှ အသားဟင်းတွေ လျှော့စားလိုက်ရင် ငွေပိုငွေလျှံ နည်းနည်းထွက်နိုင်ကောင်းပါရဲ့လို့ တွေးမိလို့ အစ်မငယ်ကို အဲ့အကြောင်းပြောဖြစ်တယ်(မောင်နှမပဲ ပွင့်ပွင့်လင်းလင်းပြောတာလောက်တော့ စိတ်မဆိုးတန်ကောင်းပါဘူးလို့ တွေးမိလို့ပါ)။ အစ်မငယ်လည်း ဟင်းအမယ်မစုံရင် အမေလည်း မစားတတ်သလို ချက်တဲ့လူလည်း မချက်တတ်ဘူးဆိုတော့ အကြံပေးတာ ဒီလောက်နဲ့ပဲ တော်လိုက်ပါတယ်။ ညနေ ငါးနာရီးလောက် ဆိုင်ပြန်ရောက်တော့ အမေဖုန်းဝင်လာတယ်။ အစ်ကိုကစပြောတာ နင်က ငါတို့ ညီအစ်ကို မဟုတ်ဘူး မဆိုင်တော့ဘူး ငါတို့ မိသားစုမဟုတ်ဘူးဆိုပဲ။ ဘာလားပေါ့။ အဲ့ဒါကြောင့်များလားဆိုပြီး အတင်းဖုန်းပြန်ဆက်တော့ အစ်မငယ်က နေ့ခင်းဘက်က ကျနော်ပြောတဲ့ အကြံကို အကြံလို့မပြောပဲ သူတို့ အစားကြီးတယ်လို့ ငါက စွပ်စွဲပြောဆိုကြောင်း အစ်ကိုနဲ့ အစ်မကြီးကို ပြောတာထင်တယ်။ ငါ့ကို ဝိုင်းဆဲကြတာ မျက်ရည်ပေါက်ပေါက်တောင် ကျတယ်။ ငါပေးတဲ့ အကြံကို မယူချင်လည်း ရသားပဲလေ။ ပြီးတော့ အမေ့အိမ်မှာ င့ါဧည့်သည်တွေပဲများတာ ငါ့သား အလတ်ကောင်က အသားမပါပဲ ထမင်းမစားတာ ငါ့မိန်းမက ကပ်စေးနည်းတာတွေ တွင်တွင် ပြောနေတော့ မိန်းမကို အမေ့အိမ်မှာ မျက်နှာငယ်ငယ်နဲ့ ထားလို့အဆင်မပြေမှန်း သိတော့ တပို့တွဲလကွယ် ၁.၃.၂၀၂၂ မှာ မိန်းမနဲ့ ကလေးကို ပြန်ခေါ်လာခဲ့တယ် ရွှေကျောင်းကိုပဲပေါ့။ အိမ်မှမရှိတာ။ ညီအစ်ကို မိဘနဲ့ ပတ်သက်ပြီး ဝမ်းနည်းလိုက်တာဆို ပြောဖွယ်မရှိတော့ပါ။ နေစရာကမရှိတော့ လွိုင်ကော်မှာသာနေနေရတာ လက်နက်ကြီးသံ တစ်ဒိုင်းဒိုင်းနဲ့ ကလေးငယ် ထိပ်လန့်မှာလည်း ကြောက်ရသေးရဲ့။ အော် ငါ့ဘ၀ ဒုက္ခရောက်လို့ မိဘအိမ်ကို အားကိုးပါတယ်။ ဆိုးလိုက်တာ။ ငါပေးတဲ့အကြံကို မယူချင်လည်း ငါ့ကို ဝိုင်းကန်ထုတ်စရာအကြောင်းရှိလို့လားပေါ့။ အစ်မငယ်စိတ်ဓာတ်ကို နားလည်လိုက်တယ်လေ။
သူငယ်ချင်းတွေကတော့ အိမ်မှာ အမွေပြန်တောင်းလို့ ရန်ဖြစ်လာကြတာတဲ့။ သိတဲ့လူတွေတော့ သိတာပေါ့ဗျာ။ တန်ခူးလရောက်တော့ ကိုယ်က အညှိုးကင်းမဲ့စွာပဲ အမေနဲ့ အစ်ကို အစ်မတွေကို ပြန်ကန်တော့ခဲ့ပါတယ်။ ပြီးတော့ လွိုင်ကော် ပြန်လာ အေးဆေးပါပဲ။ ဆိုးတဲ့ သတင်းတစ်ခုက ငါတို့တွေထားခဲ့တဲ့ စိုက်ပျိုးရေး ပစ္စည်းတွေလည်း မီးလောင်တဲ့ထဲပါသွားပြီတဲ့။ မရှိမဲ့ ရှိမဲ့ သွားပြန်ပါပြီ သိန်း ငါးဆယ်ဖိုးလောက်။
Thursday, September 24, 2015
Leagool phone hard reset ဝင်ခြင်း
leagool phone hard reset (factory mode) ဝင်တာ နည်းမသိမရဘူးဗျာ။ ဆရာ့ ဆရာတွေတော့ သိပြီးသား ဖြစ်မှာပေါ့။ အခုမှ သိတဲ့ တို့လိုလူတွေအတွက် တင်ထားပါရစေ။ စမ်းသပ်မိသလောက် leagool ဖုန်းတွေကို factory mode ဝင်ချင်လျှင် power ခလုပ်ကို သုံးစက္ကန့်ခန့်အရင် ဖိထားပါ။ logo ပေါ်လာပြီးရင် vol - (or) + ကိုနှိပ်ပါ။ နှိပ်ပြီး power ခလုပ်ကို ဖွင့်ပိတ်မြန်မြန်(ဆတ်ကနဲဆတ်ကနဲ)လုပ်ပါ။ ဒါဆို လိုချင်သော factory mode သို့ ရောက်ရှိပါပြီ
Monday, September 7, 2015
c8815 firmware တင်ပြီးစ imei null error ဖြေရှင်းခြင်း
မနေ့က c8815 firmware တစ်လုံး လာတယ်။ အရင်အတွေ့အကြုံအရ ခပ်လန့်လန့်ပဲ။ ဘာလို့လဲဆိုတော့ imei ပျောက်ပျောက်သွားတာများတယ်လေ။ အဖြေလည်း အတိအကျမသိသေးတော့ လန့်တာပေါ့။ ဆရာ့ဆရာတွေတော့ အေးဆေးပါပဲ ကျနော်တို့လို လုပ်ရင်း သင်ရင်းလူတွေအတွက် မှတ်စုအနေနဲ့ပေါ့....
c8815 မှာ build no အမြင့်ရေးလို့ imei ပျောက်တာ ကြုံရဖန်များတော့ 128 နဲ့တင်ကြည့်တယ်။ သေချာတာပေါ့ imei ပျောက်သွားတယ်။ DFS နဲ့ပြန်ရေးတယ်။ imei မှားနေတယ်။ ထပ်တင်တယ်။ Dfsနဲ့ ထပ်ရေးတယ်။ မှန်သွားတယ်။ ဒါပေမယ့် invalid card ဖြစ်နေပြန်ရော။ နောက်ဆုံး build no 135နဲ့တင်တယ်။ vroot နဲ့ဖောက်တယ်။ DFS နဲ့ပြန်ရေးတယ်။ c8815 network unlock 3gနဲ့ bat run လိုက်တာ blue screen တက်ရော။ တွားပြန်ပီထင်တာ။ နောက်တကြိမ်ပြန်ရေး ပြန်လုပ်တော့မှ အဆင်ပြေသွားတယ်။
။
Tuesday, August 4, 2015
G730 C00 SD card error ဖြေရှင်းခြင်း
တစ်နေ့ ကောင်လေးနှစ်ယောက် ဆိုင်ရောက်လာတယ်။ အစ်ကို ကျနော့်ဖုန်း sd card မဖတ်လို့ ဘာဖြစ်လဲမသိဘူး။ ကဒ်က တခြားဖုန်းမှာ ထည့်ကြည့်တော့ အလုပ်လုပ်ပါတယ် ဆိုတော့ ကျနော်လည်း စမ်းတာပေါ့။ ကဒ်က အကောင်းကြီး ဒါနဲ့ သူ့ဖုန်းထဲ ထည့်ကြည့်တော့ prepairing sd card ပြီးတော့ checking error တဲ့။ ကဒ်တော့သိတယ်။ မဖတ်ဘူး။ ဒါနဲ့ huawei firmware flash tool နဲ့ firmware တင်လိုက်တာ ၅၀ ပါစန့် လောက်မှာ ရပ်ပီး firmware ကျသွားတယ်။ တိုင်ပတ်တာပေါ့ သုံးရက်လောက်။ နောက်တစ်နေ့ မထူးဘူးဆိုပီး ကဒ်အထိုင်လဲမလို့ စစ်ကြည့်လိုက်တော့ လမ်းကြောင်းက ပျောက်နေတာ တစ်ချို့ဟာပေါ့။ ဒါနဲ့ တစ်ခြား ဆားကစ်အဟောင်းတစ်ချပ်ယူပီး ကဒ်အထိုင်ဘေးက အိုင်စီကို ဖြုတ်လဲလိုက်တယ်။ မရသေးဘူး။ နောက်တစ်ခေါက် သေချာအောင် လဲပီးသား အိုင်စီကို ဆီကြွေး အပူပေးတုုန်လိုက်တယ်။ အိုကေသွားတယ်။ ဒါနဲ့ firmware ပြန်တင်လိုက်တယ်။ အိုကေသွားတယ်။
Saturday, July 25, 2015
Y330 Lcd error ဖြေရှင်းခြင်း
Huawei Y330မှာ Y300 နဲ့ညီအစ်ကိုလားတော့မသိဘူး volt မရောက်တဲ့အပြစ်မျိုး နှစ်လုံးလောက် ရှာတွေ့ထားတယ်ဗျာ။ သူက အထိုင်ငုတ်မှာ volt မရောက်တာပါ။ အဲဒါကို volt ထွက်တဲ့ component တစ်ခုခုကနေ ရှာဆက်ပေးမလို့စဉ်းစားလိုက်တယ်။ ဒါလည်း အဆင်မပြေလောက်ဘူးထင်လို့ မထူးပါဘူးဆိုပီး pm ic သို့ ပါ၀ါ အိုင်စီကို အပူပေး လှုပ်ပေးလိုက်တော့ အိုကေသွားတယ်။ နောက်တစ်လုံးဗျာ အဲလိုလုပ်လည်း မရတာနဲ့ PM ic (pw ic) ကို ဖြုတ်ပြီး ခဲလောင်းလိုက်တာ ပြန်အိုကေသွားတယ်။ သည့်ထက်လွယ်တဲ့နည်းလည်း ရှိချင်ရှိဦးမှာပါ ဆက်လက် အတူ ရှာဖွေကြတာပေါ့။
Thursday, July 23, 2015
G610 ts error ဖြေရှင်းခြင်း
မှတ်မိသလောက်ပေါ့နော်။ G610 မှာ firmware မှားရေးရင်လည်း touch အလုပ်မလုပ်ဘူး။ နောက်ပြီတော့ ရေဝင်တာတို့ ပြုတ်ကျတာတို့ဆိုရင်လည်း အလုပ်မလုပ်ဘူး။ ဆိုတော့ကာ စဉ်းစားကြည့်ရမှာက သူ့ကို flash firmware အစုံပြန်ရေးကြည့်ပါ။ မရရင်တော့ ဖြုတ်ပီး သူ့ငုတ်တွေမှာ volt အကုန်ရောက်မရောက်ပဲတစ်ချက်စစ်ကြည့်ပါ။ တကယ်လို့များ မရောက်ခဲ့ရင်တော့ သူ့လမ်းကြောင်းကိုလိုက်ကြည့်ပါ။ တစ်ချို့ဆိုရင် pw ic (pm ic) ကို အပူပေးကြည့် လှုပ်ကြည့်တာနဲ့ ပြန်ကောင်းသွားတတ်တယ်။ တစ်ချို့ကတော့ volt ရောက်ပြီး အလုပ်မလုပ်ရင်တော့ touch ic လဲပေးလိုက်ရင်ကောင်းတတ်ပါတယ်။
Subscribe to:
Comments (Atom)
စိတ်ဒဏ်ရာ ရစေသော ပြစ်မှု
၂၆၊ ၁၂၊ ၂၀၂၂ မနက် ခြောက်နာရီခန့်ရှိပြီ။ ကလေးများအမေ နေမကောင်းသောကြောင် ကိုယ်တိုင် ထမင်းဟင်းများ ထချက်နေသည်မှာ တစ်နာရီလောက်ရှိပေပြီ။ လွိုင်ကေ...
-
G610 safe mode error ဖြေရှင်းနည်းကို ဆရာတွေပိုစ့်မှာ ဖတ်လိုက်မိတော့ ရောက်လာတဲ့ error အတိုင်း အစဉ်လိုက်စမ်းသပ်ကြည့်တယ်။ ပါ၀ါဖွင့်ပီး logo အတက...
-
မိုးအေးအေးလေးနဲ့ နှပ်ကောင်းကောင်းနဲ့ သူငယ်ချင်းတစ်ကောင် ရောက်လာတယ်။ လုပ်ပါဦးကွာ ငါ့ဖုန်းမှ screen ပြာပဲပြာနေတာ။ နောက်ပီး ဘက်ထရီထည့်ရင် တစ်ခါ...
-
leagool phone hard reset (factory mode) ဝင်တာ နည်းမသိမရဘူးဗျာ။ ဆရာ့ ဆရာတွေတော့ သိပြီးသား ဖြစ်မှာပေါ့။ အခုမှ သိတဲ့ တို့လိုလူတွေအတွက် တင်ထားပါ...